Friday, January 15, 2016
ပန်းချစ်​သူ
အမြဲတည်ငြိမ်မှ သူတော်ကောင်း ပညာရှိသူတော်ကောင်းတွေဟာ ခန္ဓာငါးပါး စတဲ့ သဘောတရားအားလုံးနဲ့ ပတ်သက်ပြီး တွယ်တာတပ်မက်မှုကို တကယ့်ကို စွန့်လွှတ်နိုင်ကြပါတယ်။ ပညာရှိသူတော်ကောင်းတွေဟာ ကာမဂုဏ်ရလိုစိတ်နဲ့ မပြောသင့်တဲ့စကားတွေ လုံးဝ မပြောဆိုကြပါဘူးပညာရှိသူတော်ကောင်းတွေဟာ ချမ်းသာနဲ့ပဲတွေ့တွေ့ ဆင်းရဲနဲ့ပဲ ကြုံကြုံ ၀မ်းသာတဲ့ အမူအရာ ၀မ်းနည်းတဲ့ အမူအရာ လုံးဝ မပြကြပါဘူး။ http://mimtharlay.blogspot.com/2016/01/blog-post.html
Tuesday, January 12, 2016
ကဗျာ
နွေတေး
*******
* ဥသြ...ဥသြ...တဲ့
  လွမ်းမောဖွယ်  တေးသီ ။
* ပင်ယံ  ဟို...အမြင့်ဆီမှ
  လေသင့်ရာ လွန့်လူးလို့
  တွန်ကျူးသံချီ ။
*ဖော်မစုံ
  တော်ရုံလူ ကျွမ်းရော့ထင့်
  ဘယ်မှန်းလို့ ဘယ်လွမ်းရပါ့
  နွမ်းလျလို့  မဖြေသာပြီ၊
  ဌာနီနှင့် ကွာဝေး ။
* အနေဝေးပြန်တော့
  နွေတေးသံ  ချိုချိုလေးတွေက
  ပို...ပိုကာ  ဆွေးအောင်ဖန်သလား
  ခံစားသူ  အနေခက်ပါရဲ့
  ( အို...ဗျ )
                    ဘုန်းထက်
ဗုဒ္ဓ
ရတနာသုံးပါး
ဦးထိပ်​ထား
ဘေးကင်းရန်​ကွာ လွန်​ချမ်းသာ
Sunday, January 10, 2016
မြင့်​မားဝီရိယထက်​သန်​ကြ
ယော စ ၀ဿသတံ ဇိဝေ၊ ကုသီတော ဟီန၀ီရိယော။ဧကာဟံ ဇီဝိတံ သေယျော၊ ၀ီရိယမာရဘတော ဒဠှံ။
  • ၀ီရိယရှိမှ အနေမြတ်
  • အတွေးအတောတွေနဲ့
  • ငေးမောပျင်းရိပြီး
  • အချိန်ဖြုန်းနေသူ
  • ကြိုးစားအားထုတ်မှု
  • လုံ့လ၀ီရိယမရှိသူရဲ့
  • နှစ်ပေါင်းတစ်ရာ
  • အသက်ရှင်ရခြင်းထက်
  • ခိုင်မြဲတဲ့ လုံ့လ၀ီရိယနဲ့
  • စိတ်ဇွဲသန်သန်
  • ကြိုးစားအားထုတ်သူရဲ့
  • တစ်ရက်တာ
  • အသက်ရှင်ရခြင်းက
  • အဆပေါင်းများစွာ
  • ပိုပြီးမြင့်မြတ်ပါတယ်။
မိဘဂုဏ်
မတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
အမြဲတည်ငြိမ်မှ သူတော်ကောင်း ပညာရှိသူတော်ကောင်းတွေဟာ ခန္ဓာငါးပါး စတဲ့ သဘောတရားအားလုံးနဲ့ ပတ်သက်ပြီး တွယ်တာတပ်မက်မှုကို တကယ့်ကို စွန့်လွှတ်နိုင်ကြပါတယ်။ ပညာရှိသူတော်ကောင်းတွေဟာ ကာမဂုဏ်ရလိုစိတ်နဲ့ မပြောသင့်တဲ့စကားတွေ လုံးဝ မပြောဆိုကြပါဘူးပညာရှိသူတော်ကောင်းတွေဟာ ချမ်းသာနဲ့ပဲတွေ့တွေ့ ဆင်းရဲနဲ့ပဲ ကြုံကြုံ ၀မ်းသာတဲ့ အမူအရာ ၀မ်းနည်းတဲ့ အမူအရာ လုံးဝ မပြကြပါဘူး။
Add caption
်ျ