နွေတေး
*******
* ဥသြ...ဥသြ...တဲ့
လွမ်းမောဖွယ် တေးသီ ။
* ပင်ယံ ဟို...အမြင့်ဆီမှ
လေသင့်ရာ လွန့်လူးလို့
တွန်ကျူးသံချီ ။
*ဖော်မစုံ
တော်ရုံလူ ကျွမ်းရော့ထင့်
ဘယ်မှန်းလို့ ဘယ်လွမ်းရပါ့
နွမ်းလျလို့ မဖြေသာပြီ၊
ဌာနီနှင့် ကွာဝေး ။
* အနေဝေးပြန်တော့
နွေတေးသံ ချိုချိုလေးတွေက
ပို...ပိုကာ ဆွေးအောင်ဖန်သလား
ခံစားသူ အနေခက်ပါရဲ့
( အို...ဗျ )
ဆောင်းမနက် ရဲ့ တေး ။ ။
ဘုန်းထက်
No comments:
Post a Comment